“ရန်ကုန်စတော့အိပ်ချိန်းမှာ ကုမ္ပဏီတွေဘာကြောင့် စာရင်းဝင်သင့်သလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲကျင်းပ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၊ မြန်မာငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ လီမိတက်နှင့် Allen and Gledhill Law Firm တို့မှ ပူးပေါင်း၍ “ရန်ကုန်စတော့အိပ်ချိန်းမှာ ကုမ္ပဏီတွေဘာကြောင့် စာရင်းဝင်သင့်သလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဉီးဌေးချွန်မှ တက်ရောက် အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အတိုင်း ဆွေးနွေးပွဲကျင်းပခဲ့ရာ Allen and Gledhill (Myanmar)  မှ Senior Foreign Associate ဖြစ်သူ Mr. Clement Chee က “စာရင်းဝင်ခြင်း အတွက် ဥပဒေရေးရာစိစစ်ချက်များနှင့် ကြိုတင်ပြင်ဆင်မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ လီမိတက်မှ Investment Banking Manager ဖြစ်သူ ဉီးထက်ဝင်းလတ် (ခေါ်) Mr.Vinay မှ အစုရှယ်ယာများကို အများပြည်သူသို့ ကနဉီးရောင်းချခြင်းနှင့် စာရင်းဝင်ခြင်း လုပ်ငန်းစဉ်တွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ များ၏အခန်း ကဏ္ဍခေါင်းစဉ်”ဖြင့်လည်းကောင်း၊ ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ခြင်းနှင့် အရောင်းအဝယ်ပြုလုပ် ရာတွင် ပါဝင်ဆောင်ရွက် သူများဆိုင်ရာ ဌာနမှ ဌာနမှူး ဉီးပြည့်ဖြိုးအောင်က “ရန်ကုန်စတော့အိပ်ချိန်းမှာ ကုမ္ပဏီ တွေဘာကြောင့် စာရင်းဝင်သင့်သလဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ စိတ်ဝင်စား သူများနှင့်ရင်းနှီးမြှုပ်နှံသူ  စုစုပေါင်း ၁၁၀ ဉီး တက်ရောက်ခဲ့ ကြပါသည်။

နောက်ဆုံးရသတင်းများ