“စတော့ဈေးကွက်ဆိုင်ရာ ပညာပေးဟောပြောပွဲ” ကျင်းပ

၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်းနှင့်ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီ:ကြပ်ရေးကော်မရှင်တို့ ပူးပေါင်း၍ စတော့စျေးကွက်ဆိုင်ရာပညာပေး  ဟောပြောပွဲအား  စားသုံးသူရေးရာဦးစီးဌာန  ပုသိမ်မြို့ဧရာဝတီတိုင်းဒေသကြီးတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ  ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်  ဦးဌေးချွန်မှ “စတော့စျေးကွက်တွင် ရင်းနှီးမြှပ်နှံခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီ တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းဖွဲ့များမှ အသင်းသားများနှင့်စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ကြပါသည်။

နောက်ဆုံးရသတင်းများ