၂၀၁၉ ခုနှစ်အတွက် မြန်မာ့အစုရှယ်ယာဈေးကွက်အပေါ်မျှော်မှန်းချက်နှင့်အလားအလာ” ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

၂၀၁၉ ခုနှစ် ၊ မေလ ၁၇ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၌ “၂၀၁၉   ခုနှစ်အတွက် မြန်မာ့အစုရှယ်ယာဈေး ကွက်အပေါ် မျှော်မှန်းချက်နှင့် အလား အလာ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦး‌ဌေးချွန်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အရင်းအနှီးဈေးကွက်လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီ၊ စာရင်းစစ်အဖွဲ့နှင့် အကြံပေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သော စကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲသို့ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများမှတာဝန် ရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးမြှုပ်နှံရန်စိတ်ပါဝင်စားသူများ၊ သတင်းစာနယ်ဇင်းများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ