“အစုရှယ်ယာများကို အများပြည်သူသို့ ကနဦးကမ်းလှမ်းရောင်းချခြင်းဖြင့် စာရင်းဝင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် “အစုရှယ်ယာများကို အများ ပြည်သူသို့ ကနဉီး ထုတ်ဝေရောင်းချခြင်းဖြင့် စာရင်းဝင်ခြင်း ”ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို ရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဉီးဌေးချွန်မှ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အတိုင်း ဆွေးနွေးပွဲကျင်းပခဲ့ရာ ရန်ကုန်စတော့အိပ်ချိန်းမှ အကြီးတန်းအမှုဆောင် မန်နေဂျာ ဉီးသက်ထွန်းဉီးက “အစုရှယ်ယာများကို အများပြည်သူသို့ ကနဉီး ထုတ်ဝေရောင်းချခြင်းဖြင့် စာရင်းဝင်သည့်လမ်းစဉ်များ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ TMH Telecom Public Co.,Ltd မှ စည်းမျဉ်းထိန်းကျောင်းသူအရာရှိ ဒေါ်ဖြူဇင်ဉီးက “သမိုင်းမှတ်တိုင်အဖြစ် အစုရှယ်ယာများကို အများပြည်သူသို့ ကနဉီး ထုတ်ဝေ ရောင်းချခြင်းဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ရောက်ခဲ့သည့် အတွေ့အကြုံများ”  ခေါင်းစဉ်ဖြင့် ဖြင့်လည်းကောင်း၊ AYA Trust Securities Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ဂျစမင်သဇင်အောင်က “အစုရှယ်ယာများကို အများပြည်သူသို့ ကနဉီး ထုတ်ဝေ ရောင်းချခြင်းဖြင့် ရင်းနှီးငွေရယူခြင်း ခေါင်းစဉ်”ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေး ပွဲသို့ စိတ်ဝင်စားသူ များနှင့်ရင်းနှီးမြှုပ်နှံသူ  စုစုပေါင်း  ၇၈  ဉီး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ