ရန်ကုန်စတော့အိပ်ချိန်း၏ (၃)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း ၏ (၃)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ၊ ရန်ကုန်စတော့အိပ်ချိန်း၏ မန်နေးဂျင်း ဒါရိုက်တာနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ Daiwa Institute of Research၏အကြီးတန်းမန်နေးဂျင်းဒါရိုက်တာ နှင့် Japan Exchange Group အကြီးတန်းအမှုဆောင်အရာရှိ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများ နှင့်ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ အကြီးတန်းအရာရှိများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များနှင့် ရန်ကုန်စတော့အိပ်ချိန်းမန်နေးဂျင်းဒါရိုက်တာတို့က စာရင်းဝင် ကုမ္ပဏီ များအနက် ဖွင့်ဟထုတ်ဖော်ကြေညာမှု အကောင်းဆုံးဆုရ FMIကုမ္ပဏီအား လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက်အကောင်းဆုံးဆုရ MTSHကုမ္ပဏီအား လည်းကောင်း၊ ရှယ်ယာစျေးနှုန်းတည်ငြိမ်မှု အရှိဆုံးကုမ္ပဏီရ MCB ကုမ္ပဏီအား လည်းကောင်း၊ အမြတ်ဝေစု အများဆုံးထုတ်ပေးသော ကုမ္ပဏီဆုရ FPB ကုမ္ပဏီ အား လည်းကောင်း၊ IPOဖြင့်  ပထမဆုံး စာရင်းဝင်ကုမ္ပဏီဆုရTMH Telecom ကုမ္ပဏီအား လည်းကောင်း၊ အစုရှယ်ယာများကို တဆင့်ဖြန့်ချိရောင်း ချခြင်း နှင့် ရှယ်ယာ အရောင်းအဝယ်အများဆုံးဆုရ MSEC ကုမ္ပဏီအား လည်းကောင်း၊  ငွေချေးသက်သေခံ လက်မှတ် စာရင်း အများဆုံးဖွင့်လှစ်သည့်ဆုရ KBZSC ကုမ္ပဏီအား လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်ပိုင်စာရင်းဖြင့် ရှယ်ယာအများဆုံးအရောင်းအဝယ်ပြုလုပ်သည့်ဆုရ CBSC ကုမ္ပဏီအား လည်းကောင်း၊ အသိအမှတ်ပြုလက်မှတ်ဆုရ  AYATSC ၊ KTZRH နှင့် UABSC တို့အားလည်းကောင်း အသီသီးဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ