မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်စတော့အိပ်ချိန်းတို့ ပူးတွဲကျင်းပပြုလုပ်သော “၂၀၁၇ မန္တလေးစတော့ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ” ကျင်းပ

၂၀၁၇ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်စတော့အိပ်ချိန်းတို့ပူးပေါင်း၍ “၂၀၁၇ မန္တလေးစတော့ရင်းနှီးမြှပ်နှံမှု ဆွေးနွေးပွဲ” အား မန္တလေးမြို့၊MRCCI ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်မှ “ဥပဒေရေးရာနှင့် အရင်းအနှီးစျေးကွက်ဆိုင်ရာ အခြေခံအဆောက်အအုံများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်စတော့အိပ်ချိန်း၏ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးမှ စတော့ရင်းနှီးမြှပ်နှံမှု အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲတွင် ရန်ကုန်စတော့ အိပ်ချိန်း၏ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးမှ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိလ်များက ပါဝင်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ MRCCI ဥက္ကဌ ဦးအောင်သန်း၊ မန္တလေး တိုင်းဒေသကြီးမှ အစိုးရဌာနာဆိုင်ရာ အဖွဲ့အစည်းများ၊ MGM ကုမ္ပဏီမှ တာဝန်ရှိသူများ၊ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် အလားအလာရှိသော ရင်းနှီးမြှပ်နှံသူများ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ