မြန်မာနိုင်ငံအစုရှယ်ယာဈေးကွက်တွင် နိုင်ငံခြားသား ပါဝင်ရင်းနှီးမြှုပ်နှံခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်းနှင့် Institute of Maximas Solution တို့မှ ပူးတွဲ ကျင်းပပြုလုပ်သည့် “မြန်မာနိုင်ငံအစုရှယ်ယာ ဈေးကွက်တွင်နိုင်ငံခြားသားပါဝင်ရင်းနှီးမြှုပ်နှံခြင်း”ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကို ရန်ကုန်စတော့အိပ်ချိန်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါ သည်။ အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဉီးသိန်းမြင့်မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ်အတိုင်း ဆွေးနွေးပွဲကျင်းပခဲ့ရာ Institute of Matrix Solution Corporate Advisory မှ Founder and CEO ဖြစ်သူ ဉီးသန်းအောင်မှ “ရင်းနှီးမြှုပ်နှံသူများအမြင်ဖြင့် နိုင်ငံခြားသားပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာစတော့ ဈေးကွက်တွင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများ ခေါင်းစဉ်”ဖြင့်လည်းကောင်း၊ ရန်ကုန်စတော့အိပ်ချိန်းမှအကြီးတန်းအမှုဆောင် မန်နေဂျာ ဉီးသက်ထွန်းဉီးက နိုင်ငံခြားသားပါဝင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာစတော့ဈေးကွက်တွင်ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ ခေါင်းစဉ်”ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့စိတ်ဝင်စားသူ များနှင့်ရင်းနှီးမြှုပ်နှံသူ  စုစုပေါင်း ၁၀၉ ဉီး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ