“မြန်မာနိုင်ငံငွေရေးကြေးရေးစျေးကွက်နှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ရွှေမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ငွေရေးကြေးရေး စျေးကွက်နှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်မှ မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊  နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။

နောက်ဆုံးရသတင်းများ