“သင့်အနာဂတ်အတွက် အစုရှယ်ယာစျေးကွက်တွင် ရင်းနှီးမြှုပ်နှံပါ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာ့ငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလိမိတက်မှကြီးမှူး၍ “သင့်အနာဂတ် အတွက် အစုရှယ်ယာ စျေးကွက်တွင် ရင်းနှီးမြှုပ်နှံပါ”ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ရန်ကုန်မြို့၊ Pullman Yangon Centre point Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးမှ တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ