မြန်မာ့အရင်းအနှီးဈေးကွက်ဆိုင်ရာ စာနယ်ဇင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်၊ ရန်ကုန် စတော့အိပ်ချိန်းနှင့် မြန်မာသတင်းပညာသိပ္ပံ တို့ပူးပေါင်း၍ စာနယ် ဇင်းများအတွက် အရင်းအနှီးဈေးကွက်ဆိုင်ရာ ဗဟုသုတ မျှဝေ ပေးသည့်အစီအစဉ်တစ်ခုအဖြစ် “မြန်မာ့ အရင်းအနှီးဈေးကွက်ဆိုင်ရာ စာနယ်ဇင်း များနှင့်တွေ့ဆုံဆွေးနွေးပွဲ”ကို ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဉီးမှ အဖွင့် အမှာ စကား ပြောကြားပြီး မြန်မာသတင်းပညာသိပ္ပံမှ အမှုဆောင်ဒါရိုက်တာ ဉီးကျော်မင်းဆွေ က မိတ်ဆက် စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစီအစဉ် အတိုင်းဆွေးနွေးပွဲကျင်းပခဲ့ရာ ကော်မရှင်အဖွဲ့ဝင် ဉီးဌေးချွန်က “မြန်မာ့အရင်း အနှီးဈေးကွက်ခေါင်းစဉ်” ဖြင့်လည်ကောင်း၊ ရန်ကုန်စတော့အိပ်ချိန်း၏ အကြီးတန်း မန်နေဂျာ ဉီးသက်ထွန်းဉီးက “စတော့အိပ်ချိန်း၏ လုပ်ငန်းဆောင်ရွက်ပုံခေါင်းစဉ်” ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့  မြန်မာသတင်းပညာ သိပ္ပံနှင့်စာနယ်ဇင်းများမှ အယ်ဒီတာ များနှင့်အကြီးတန်းသတင်းထောက် စုစုပေါင်း ၄၅ ဉီး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ