ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင် အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်ခြင်းအခမ်းအနား
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ကျင်းပပြုလုပ်ခဲ့သည့် “ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင် အသိအမှတ်ပြုလက်မှတ် (Certificate) ပေးအပ်ခြင်းအခမ်းအနား”ကို ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးမှ ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်စာမေးပွဲအောင်မြင်သူများ စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။
