စတော့ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် “စတော့ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မန္တလေးမြို့ ၊ မန္တလေးတိုင်း‌‌‌ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ဆောင်ရွက်ချက်များနှင့် ရှေ့ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်စတော့အိတ်ချိန်းတည်ထောင်ခွင့်ပြုခြင်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား လိုင်စင်ထုတ်ပေးခြင်း၊ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အလားအလာညွှန်းတမ်းများ စိစစ်ခွင့်ပြုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိစာရင်းဝင်ကုမ္ပဏီ ၇ ခု ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ရှယ်ယာစုစု‌ပေါင်းကျပ် ၁၇၁.၀၅ ဘီလီယံနှင့် ဈေးကွက်တန်ဖိုး ကျပ် ၆၈၂.၉၇ ဘီလီယံရှိပါသည်။

 

နောက်ဆုံးရသတင်းများ