ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲ ၁:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝင်စာ၊ထွက်စာများကို စနစ်တကျမှတ်ပုံတင်ကြရန်၊ လုံခြုံမှုအဆင့်အတန်းရှိ ရုံးစာများကို ရုံးလုပ်ငန်းလက်စွဲပါအတိုင်း ထားရှိဆောင်ရွက်ကြရန်၊ လုံခြုံမှုအဆင့်အတန်းရှိရုံးစာများကို ရုံးလုပ်ငန်းလက်စွဲပါအတိုင်းထားရှိ ဆောင်ရွက်ကြရန်၊ ရုံးပရဝုဏ်ကို သန့်ရှင်းစေရေးဆောင်ရွက်သွားရန်၊ ဌာနတွင်းသင်တန်းကိုလည်းဖွင့်လှစ်သွားရန်နှင့် ဝန်ထမ်းများအားကျန်းမာရေးကို အထူးဂရုစိုက်ကြရန်ပြောကြားခဲ့ကာ အခမ်းအနားကို မွန်းလွဲ ၁:၄၅ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ