အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အဖွဲ့ဝင် ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး (စီမံ) က အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး United Nation Convention Against Corruption- UNCAC တွင် ပြဌာန်းထားသည့် ပြဌာန်းချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှုအမျိုးအစားများ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်သည့်နစ်နာမှုများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၏ အရေးပါပုံ၊ တားဆီးကာကွယ်ခြင်းကဏ္ဍ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို ဖွဲ့စည်းထားရှိကာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများအား အဆင့်ဆင့်ထိရောက်စွာ ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ