ရုံးလုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ရုံးလုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၁၃း၃၀ နာရီတွင် ကော်မရှင်ရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိအဖွဲ့အစည်းရဲ့ ရည်မှန်းချက်နှင့် လုပ်ငန်း တာဝန်များ ပြီးမြောက်အောင်ဆောင်ရွက်ကြရာတွင် မှန်ကန်ထိရောက်သည့် ရုံးလုပ်ငန်းဆောင်ရွက်မှုနှင့် အထောက်အကူပြုနိုင်မှသာ အကောင်းဆုံးနှင့် အထိရောက်ဆုံးအကျိုးတရားများဖြင့် အချိန်မီပြီးပြည့်စုံ၍ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်း၏ သဘာဝသည် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၏ ပင်မလုပ်ငန်းတွင် အကျုံးဝင်သည့်လုပ်ငန်းတစ်ခုခုကို လည်းကောင်း၊ ပင်မလုပ်ငန်းတစ်ခုလုံးကို လည်းကောင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည့် သဘောရှိသည့်အတွက် ရုံးလုပ်ငန်းများကို စနစ်တကျနှင့် တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်စေရန် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် တပြေးညီကျင့်သုံးသည့် စနစ်တစ်ခုကို ချမှတ်ထားရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မရှင်ရုံး၌ တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကိုသိရှိနားလည်ပြီး လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ရုံးလုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းချိန်တက်ရောက်မှု မှန်ကန်ခြင်းနှင့် နားလည်ပြီးမြောက်မှုကို သင်တန်းကာလပြီးဆုံးသည့်အခါ စာမေးပွဲစနစ်ဖြင့် ဆန်းစစ်အကဲဖြတ်သွားမှာဖြစ်သည့်အတွက် သင်တန်းချိန်များကို မပျက်မကွက် တက်ရောက်ရန်နှင့် ကြိုးကြိုးစားစား လေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ဦးစီးအရာရှိအဆင့်မှ ဒုတိယဦးစီးမှူးအဆင့်အထိ အရာထမ်း၊ အမှုထမ်း (၁၆) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၉) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။
