ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ် လုပ်ငန်းလိုင်စင်ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ”ကို ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်း လိုင်စင်ဆိုင်ရာ ကိစ္စရပ်များ၊ အခြား လိုအပ်သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့်စာရင်းဝင်အကြိုဈေးကွက်တွင်ကုမ္ပဏီများမှတ်ပုံတင်ရန်အကြံပေးအဖြစ်ဆောင်ရွက်ခွင့် ရရှိထားသော မှတ်ပုံတင်အကြံပေးကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ ကြပါသည်။