ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့, မွန်းလွဲ ၂:၀၀ နာရီ အချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကိုဂရုစိုက်ကြရန်၊ ဝန်ထမ်းအိမ်ရာဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ကြရန်နှင့် ယာဉ်မောင်းများအနေဖြင့် မိုးရာသီဖြစ်သည့်အတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အလေးပေးဆောင်ရွက်ကြရန်လိုကြောင်းပြောကြားကာ အစည်းအဝေးကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ