ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၇/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၇/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမင်းထွဋ်က Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက အစိုးရကထုတ်ဝေသည့် ငွေတိုက်စာချုပ်များ၊ ငွေတိုက်လက်မှတ်များအား ဝယ်ယူရောင်းချသည့် အစိုးရငွေချေးစာချုပ်ဆင့်ပွားဈေးကွက်ကိုလည်း ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေသည့်အတွက် ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့်လည်း ဆင့်ပွားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုဘဏ်၊ ငွေတိုက်ဦးစီးဌာန၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကော်ပိုရိတ်ငွေချေးစာချုပ်ထုတ်ဝေခွင့်ပြုရေး ဆောင်ရွက်နေသည်ကိုလည်းသိရှိရသဖြင့် အခြေအနေအချိန်အခါကိုလိုက်၍ ဆက်လက်ဆောင်ရွက်နိုင်ရေးလိုအပ်သည်များ ပြင်ဆင်ထားရန်လိုကြောင်း၊ မိမိတို့ကော်မရှင်သည် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတကာအရင်းအနှီးဈေးကွက်တွင် ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေသည့် အခြေအနေများကိုလည်း မျက်ခြေမပြတ်လိုက်ပါဆောင်ရွက်နိုင်ရေး ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၆/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နံနက် ၁၁:၃၀ အချိန်တွင်ရုပ်သိမ်းခဲ့သည်။