ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာကိုအခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ အင်္ဂလိပ်ဝေါဟာရများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်စာကိုလေ့လာရာတွင် စဉ်ဆက်မပြတ်လေ့လာမှုများ ပြုလုပ်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဆွေက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာအခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။