ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးလစဉ်ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (ဒါဘာ) ကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ ၁၄:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျနှင့် လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအဖွဲ့အစည်းဖြစ်သည့်အတွက် ချမှတ်ထားသည့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းအိမ်ရာ စည်းကမ်း၊ ခွင့်စည်းကမ်း၊ ရုံးစည်းကမ်းများကိုလိုက်နာကြရန်မှာကြားလိုကြောင်း၊ ရုံးသန့်ရှင်းရေးကိုလည်း အပတ်စဉ်သောကြာနေ့တိုင်း မပျက်မကွက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းအားလုံး မိမိအလုပ်တာဝန်များအပေါ် စိတ်ဝင်စားမှုရှိပြီး မိမိအသိစိတ်ဓာတ်ဖြင့် လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည့်အတွက် အသိအမှတ်ပြုပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရုံးလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးရုံး နှင့်အထက်ဌာနညွှန်ကြားချက်များ၊ ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အချက်အလက်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ ပါသည်။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်း (၅၀) ဦးတက်ရောက်ခဲ့ကာ အခမ်းအနားကို ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။