ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ      ဦးမင်းထွဋ်က Virtual စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ နောက်ဆုံးလသို့ရောက်ရှိပြီဖြစ်သည့်အတွက် ကော်မရှင်နှင့် ကော်မရှင်ရုံးအနေဖြင့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ဆောင်ရွက်ရန်ကျန်ရှိမှုတို့ကိုသုံးသပ်ပြီး နှစ်ချုပ်သုံးသပ်ချက်ပြုလုပ်ထားရန်မှာကြားလိုကြောင်း၊ အားနည်းချက်/အားသာချက်များဖော်ထုတ်သွားရန်၊ အားနည်းချက်များကို ရှေ့လာမည့်ဘဏ္ဍာနှစ်တွင်ပြုပြင်သွားရန်နှင့် အားသာချက် များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေပြင်ဆင်ရာတွင် ကော်မရှင်ရုံး အနေဖြင့် ကုမ္ပဏီများအား Audit လုပ်နိုင်သည့် အခြေအနေရောက်ရှိအောင် ပြင်ဆင်ဆောင်ရွက် စေလိုကြောင်း၊ Bond Market ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ Corporate Bond များ ထုတ်ဝေနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်သည်များ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ၊ Bond နှင့် Bill ကို သင့်တင့်သည့် အတိုးနှုန်းတိုးမြှင့် ပေးပါက ရင်းနှီးမြှုပ်နှံသူတိုးလာပြီး Currency in Circulation (CIC) များ လျော့သွားခြင်း၊ Central Bank Borrowing များ ကျသွားခြင်းနှင့် Inflation များ လျော့နည်းသွားခြင်းတို့ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှပံ့ပိုးပေးလို၍ မေးမြန်းသည့်အခါ မည်သည့်အချက်များ ဆောင်ရွက်သင့်သည်ကို ကြိုတင်စာတမ်းသဘောပြုစုထားရန်လိုအပ်ကြောင်း နှင့် ကော်မရှင်အနေဖြင့် အနာဂတ်တွင်ကြုံတွေ့ရမည့်အခြေအနေများကို ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ထားရန်မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၁/၂၀၂၅ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ အစည်းအဝေးကို ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နံနက် ၁၀:၄၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ