ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ ကော်မရှင်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဩဂုတ်လ ၂၃ ရက်နေ့၊ စနေနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပြီး အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာအရင်းအနှီးဈေးကွက်များနည်းတူ မိမိတို့နိုင်ငံနှင့်ကိုက်ညီမည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စာရင်းဝင်ကုမ္ပဏီများနှင့် စာရင်းဝင်အကြိုဈေးကွက် (PLB) မှတ်ပုံတင်ကုမ္ပဏီများ တိုးပွားလားစေရေး၊ ရင်းနှီးမြှုပ်နှံသူများတိုးပွားလာစေရေးအတွက် အရင်းအနှီးဈေးကွက်ဆိုင်ရာအသိပညာများ ပြန့်ပွားစေရေးနှင့် ကော်ပိုရိတ်ငွေချေးစာချုပ် ကနဦးထုတ်ဝေရောင်းချနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။