ဝန်ကြီးဌာနသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ဝန်ကြီးဌာနသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် အဆိုပါရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူး (စီမံ) မှ ဝန်ကြီးဌာနသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်ဥပဒေမူဘောင် ၊ မြန်မာနိုင်ငံတွင် သဘာဝဘေးဖြစ်ပွားနိုင်မှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက်ဖွဲ့စည်းမှုများ၊ ဦးစီးဌာန/လုပ်ငန်း/အဖွဲ့အစည်းသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လုပ်ငန်းတာဝန်များ၊ ဝန်ကြီးဌာနသဘာဝဘေးအန္တရာယ်ဆိုင်ရာ စံပြုလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းနည်းလမ်းများနှင့်ပတ်သက်ပြီးရှင်းလင်းဆွေးနွေးခဲ့ကာ အခမ်းအနားကို မွန်းလွဲ ၂:၄၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။