Seminar of the IFRS Initiative အသိပညာပေးဆွေးနွေးပွဲကျင်းပ
Seminar of the IFRS Initiative အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပခဲ့ပြီး ဝဏ္ဏကျော်ထင် ဦးသိန်းမြင့်က “At A GLANCE- IFRS; For the Development of Capital Market” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးကုမ္ပဏီများ၊ စာရင်းဝင်ရန်အလားအလာရှိသောကုမ္ပဏီများ၊ ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ စုစုပေါင်း (၆၂) ဦးတက်ရောက်ခဲ့ကြပါသည်။